လာလည်သောမိတ်ဆွေအပေါင်းတို့ တစ်နေ့ကို ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တစ်ခုခုကို ရရှိကြပါစေ။

Friday, January 13, 2012

RAM (memory) ထပ်မစိုက်ဘဲ တိုးချင်ရင်..

မိမိမှာ ရှိတဲ့ RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင် နည်းတစ်ခုပြောပြပါ့မယ်။ အရမ်းတော့ save မဖြစ်ပါဘူး။ CPU ကို over clock တင်သလိုပါပဲ ။My Computer ကို R-Click လုပ်ပြီး properties ကိုသွားပါတယ်။ ပေါ်လာတဲ့ system properties ကAdvanced ကို click ပါတယ်။ Performance က Settings ကို click ပါတယ်။


Performance Options မှ Advanced ကိုရွေးပြီး Programs နှစ်ခုကို check ပေး Virtual memory က
Change ကို click ပါတယ် ။




အောက်ပါအတိုင်း Virtual memory ပေါ်လာပါမယ်။ Initial size နဲ့ Maximum size က တန်ဖိုးနှစ်ခုကို
ရေးမှတ်ထားလိုက်ပါ ။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ ရင် Default လုပ်နိုင်အောင်ပါ။


Virtual Memory ဆိုသည်မှာ RAM က Hard disk memory ကို ငှားသုံး ခြင်းဖြစ်ပါတယ် ။ (ဥပမာ -
Default Initial size = 1500 Mb(nearly 1.5Gb) , Hard Disk free space = 5 Gb ရှိတယ် ဆိုကြပါစို့
Initial size ကို 2000 Mb ( 2Gb ) တင်လိုက်ပါက Hard disk free space သည် 4.5 Gb
ဖြစ်သွားပါလိမ့်မယ် ။ ( မည်သို့ပင် memory transfer လုပ်နိုင်သည် ဖြစ်စေ System Memory က ပဲ
တစ်ကယ် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ) ကျနော့်မှာ Initial 1500 ရှိပြီးသား ဖြစ်လို့ 2000 လို့ပေးပြီး၊
Maximum ကို 3500 ပေးလိုက်ပါတယ် ။ ပြီးရင် Set ကို နိုပ်ပါတယ် ။

ပြီးရင်တော့ OK ပေါ့ ။ Restart တောင်းလာပါလိမ့်မယ် ။ window ပြန်တက်လာ ရင်တော့ ခင်ဗျားစက်
အရင်ထက်ပိုမြန် နေတာ တေ့ရွ ပါလိမ့်မယ် ။ CPU ရဲ့လုပ်ဆောင်နိုင်ရည်ကို ကြည့်ပြီး တင်သင့်ပါတယ်။
Memory များရင် စက်မြန်တယ် ဆိုပြီး memory အများကြီး စိုက်ပြီး CPU မလိုက်နိုင်လို့ ပိုလေး သွားတဲ့
စက်တွေ တေ့ဘွူးပါတယ်။ အားလုံး အဆင်ပြေကြပါစေ ။

No comments: