လာလည်သောမိတ်ဆွေအပေါင်းတို့ တစ်နေ့ကို ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တစ်ခုခုကို ရရှိကြပါစေ။

Wednesday, January 11, 2012

HTML သင်ခန်းစာများ...



Html ဆိုတာ hyper text markup language ဖြစ်ပြီး client language လည်းဖြစ်တယ်. browser တွေနားလည်အောင်ရေးထားတဲ့ language ဖြစ်ပြီး programming language မဟုတ်ပါဘူး.သူမှာ markup tabs များဖြင့်စုဖွဲ့ပါဝင်ပါတယ်.. webpages တွေကို ဖော်ပြပေးရန် အဲဒီ markup tabs တွေကိုသုံးပြုကြပါတယ်..  
 
Html markup tags ဆိုတာ…
 
          Keywords များကို angle bracket တွေနဲ့ <> ၀န်းရံထားပါတယ်..ဥပမာ.(  <html>  )ဒီလိုမျိုးလေးပါ..html tags တွေဟာ အများအားဖြင့် စုံတွဲရှိတတ်ကြပါတယ်.. like <b> and </b>
Html tags မှာ ပထမဆုံး tags ကို first tags လိုခေါ်ပြီး ဒုတိယ tags ကို second tags လို့ ခေါ်ပါတယ်.
First tags မှာဆိုရင် (\ ) မပါဘူး second tags မှာဆိုရင်တော့ ( \) ပါတယ်.တချိုကလည်း open tags နဲ့
Close tags လို့ခေါ်ကြပါတယ်..
 
Html documents တစ်ခုသည် web page တစ်ခုနဲ့တူတူပါပဲ..
 
Html document တစ်ခုဟာ web page တစ်ခုကိုဖော်ပြပေးတယ်..အဲလိုဖော်ပြနိုင်အောင် html document ထဲမှာ html tags တွေနဲ့ plain text တွေကို ရေးသားရပါတယ်..ရေးသားလိုက်တဲ့  html documents တွေသည် web pages များကိုဖော်ပြပေးသောကြောင့် တူတူပဲလို့ ဆိုထားပါတယ်..web browser
တွေရဲ့  (like Internet Explorer or Firefox) အဓိက လုပ်ဆောင်ချက်ကတော့ ရေးလိုက်တဲ့ html documents တွေကိုဖတ်ပြိး webpages တွေကိုဖော်ပြပေးတာပါပဲ..အဲဒီ browser တွေဟာ html tags တွေကိုတော့ မဖော်ပြပေးနိုင်ပါဘူး..
ဥပမာ- <html>
           <body>

             <h1>My First Heading</h1>

                <p>My first paragraph.</p>

             </body>
             </html>
ဒီမှာဆိုရင်တော့ web page တိုင်းမှာ<html>နဲ့စပြီးတော့ </html> နဲ့ဆုံးပါမယ့်..<body>  </body> ထဲမှာတော့ မိမိ web page မှာ မြင်စေလို့တဲ့အကြောင့်းရာတွေကို ထည့်ပေးရမယ့်.နောက် <h1></h1>ထဲမှာ
တော့ မိမိတပ်ချင်တဲ့အကြောင့်အရာ အခေါင်းစဉ်တွေကို ထည့်ပေးရမယ့်.<p></p>ထဲမှာတော့ မိမိတို့ရေးချင်တဲ့ စာပိုဒ်တွေကို ထည့်ပေးရပါမယ်..
Editing HTML
  သင်နေနဲ့ html ကိုရေးတဲ့အခါမှာ tools တွေကိုလည်းအသုံးပြုနိုင်သလို notepad လေးနဲ့လည်းရေးနိုင်ပါတယ်. အကောင်းဆုံအကြံပေးချင်တာတော့ notepad လေးမှာ ရေးခြင်းဖြင့် ပိုပြီးနားလည်း စေနိုင်ပါတယ်..နောက်မှ tools တွေကိုသုံးပါလို့ အကြံပြုပါတယ်…

No comments: