<!--...-->
ဒီ tag လေးတွေကို web page တွေရဲ့  page view source တွေမှာတွေ့ကြရမှာပါ..
ဒီ tag လေးတွေကတော့ comment (အမှတ်အသား)မျိုးမှတ်ထားကြတာပါပဲ..အဲဒီ tag တွေကို browser
က ဖော်ပြမပေးပါဘူး..အဓိကကတော့ မိမိတို့ webpage တွေကိုပြန်ပြင်ကြမယ့် အခါတွေမှာ အလွယ်တကူ သိရှိနိုင်ပါတယ်…ဥပမာ..
<html>
<body>
<!--This is a comment. Comments -->
<p>This is a paragraph.</p>
</body>
</html>
ဒါလေးကိုရေးပြီး အရင်ပြောသလို save ပြီးဖွင့်ကြည့်မယ်ဆိုရင် This is a paragraph. လို့ ပဲမြင်ကြပါလိမ့်
မယ်.. အပေါ်က This is a comment.Comments စာသားတွေကိုမဖော်ပြတော့ပါဘူး.ဒါလိုရေးခြင်းဖြင့်
မိမိ webpage code တွေကိုအလွယ်တကူ ရှာဖွေပြီးပြုပင်နိုင်ပါလိမ့်မယ်..
<!DOCTYPE>
အဲဒီ tag ဟာ ပြောရမယ်ဆိုရင်ကြေငြာတယ်ပေါ့ဗျာ..ဒီ webpage ကို ဘယ်လို html standard တွေ DTD
Html version တွေနဲ့ဆောက်ထားတယ် စသည့်ဖြင့်ဖော်ပြပေးထားကြပါတယ်..အဲဒီ tag ဟာ html tag
မဟုတ်ပါဘူး..သူ့ကို <html> မရေးခင် အရင်ဆုံးကြေငြာထားကြတာကိုတွေ့ကြပါလိမ့်မယ်.
<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN""http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd">
No comments:
Post a Comment