လာလည်သောမိတ်ဆွေအပေါင်းတို့ တစ်နေ့ကို ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တစ်ခုခုကို ရရှိကြပါစေ။

Friday, January 13, 2012

html သင်ခန်းစာများ

Paragraph <p> tags အကြောင်း…
Html မှာ paragraph များကို ကိုစားပြုသော tags များကတော့ <p> ပဲဖြစ်ပါတယ်..စာပိုဒ်တွေကို ရေးမယ်ဆိုရင် အဲဒီ့<p> tags တွေထဲမှာရေးရပါမယ်..ဥပမာ..
<html>
<body>
<p>This is a paragraph.</p>
<p>This is a paragraph.</p>
<p>This is a paragraph.</p>
</body>
</html>
ဒါဆိုရင်တော့ browser မှာ This is a paragraph လို့ဖော်ပြပေးမှာပါ..
Links tags<a> အကြောင်း…
Html မှာ လင့်တွေကိုညွန်းချင်လို့ပဲဖြစ်စေ မိမိဆိုဒ်တစ်ခုကို ပြချင်လို့ဖြစ်စေ ညွန်းချင်တဲ့ ဆိုဒ်လင့်တွေကို <a> tags ထဲမှာထည့်ပေးကြရပါမယ့်..ဥပမာ..
<html>
<body>
<a href="http://www.paingsoethu49.blogspot.com">
This is a paingsoethu link</a>
</body>
</html>
အဲဒီမှာ http:// ကိုပါအောင်ထည့်ပေးဖို့ပါ..ဒါဆိုရင်တော့ သင့်ရဲ့  browser ဟာ This is a paingsoethu link
ဆိုပြီး ဖော်ပြပေးမှာဖြစ်ပါတယ်..နှိပ်လိုက်တာနဲ့ သင့်ညွန်းချင်တဲ့ ဆိုဒ်ကိုရောက်သွားပါလိမ့်မယ်..
Image tags<img src=…/> အကြောင်း..
သင့်ရဲ့  ဆိုဒ်တစ်ခုကို လှပအောင်ပုံလေးတွေထည့်ဖို့အတွက် ဖော်ပြပါ tags ကိုသုံးရမှာပါ..
ဥပမာ..သင့်သည်ပုံတစ်ခုကို စမ်းထည့်ချင်တယ်ဆိုရင်တော့..
အရင်ဆုံး ထည့်ချင်တဲ့ပုံလေးကို folder တစ်ခုထဲတွင် သိမ်းလိုက်ပါ..
နောက်အောက်ပါအတိုင်းရေးပါ..
<html>
<body>
<img src="model.jpg" width="104" height="142" />
</body>
</html>
အဲလိုမျိုးလေးရေးပြီး save လိုက်ပါ..save ၇ာမှာ image နဲ့တူတူ folder ထဲမှာ save လိုက်ပါ..
အပေါ်က ကုဒ်မှာဆိုရင်တော့  src  ကို‌တွေကြ၇မှာပါ.. src ဆိုတာ model.jpg လေးထားမယ့်လမ်းကြောင်းလေးကို ဖော်ပြပေးထားတာပါ..နောက် အကျယ်တို့ အမြင့်တို့လည်း ထည့်နိုင်ပါတယ်..သူမှာတော့ </img> မပါပါဘူး…model ဆိုတဲ့နေရာမှာ မိမိတို့ ပုံရဲ့  name ‌တွေကိုထည့်
ပေးကြရမှာပါ…ဒါဆိုရင်တော့ မိမိပုံလေးကို browser မှာ မြင်ကြရမှာပါ..
Php ကိုတတ်ချင်ပေမယ့် html , css, javascript စသည်တို့ကို မသိရင်လည်း php ကိုတတ်မှာမဟုတ်ပါဘူး
ဒါကြောင့်အခြေခံကနေစပြီးတော့ ပြန်လည်လေ့ကျင့်ခန်းလုပ်ရင်း post အဖြစ်မျှဝေလိုက်ခြင်းဖြစ်ပါတယ်..
သင်ခန်းစာများကို တဖြည်းဖြည်းချင်း တင်ပေးသွားပါမယ့်…

No comments: